အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
ယေဇကျေလ 40:13 - Common Language Bible ထိုနောက်ထိုလူသည်အခန်းငယ်တစ်ခု၏နောက်ဘက်နံရံမှမုခ်ပေါက်လမ်းကိုဖြတ်၍ အစွန်းအခန်းငယ်နောက်ဘက်နံရံအထိတိုင်းတာရာလေးဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။- Garrad Bible ကင်း တဲ ပြင် ပေါက်၊ အ မိုး တစ် ဘက် မြိတ် မှ တစ် ဘက် မြိတ် ရောက် တံ ခါး အ နံ ကို၊ နှစ် ဆယ့် ငါး တောင် တိုင်း ၏။ Judson Bible ထိုနောက်၊ အခန်းငယ်အမိုးစွန်း တစ်ခုမှသည် တစ်ခုတိုင်အောင် တိုင်း၍ အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အခန်းပေါက်ချင်းမျက်နှာချင်းဆိုင်နေသော အခန်းငယ်၏ခေါင်မိုးထိပ်မှ အခြားတစ်ဖက်အခန်းငယ်ခေါင်မိုးထိပ်အထိ မုခ်ဆောင်ကိုတိုင်းရာ နှစ်ဆယ့်ငါးတောင်ရှိ၏။ |
အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-