သို့ဖြစ်၍ဘုရားသခင်က``လူ၏မစင် အစားနွားချေးကိုသုံးရန်သင့်အားငါ ခွင့်ပြုမည်။ သင်၏မုန့်ကိုနွားချေးနှင့်မွှေး သောမီးဖြင့်ဖုတ်နိုင်၏'' ဟုမိန့်တော်မူ၏။
မုန့် ကို သင် ပေါင်း ချက် ရန် မ စင် အ စား နွား ချေး ကို၊ ငါ ပေး ပြီ ဟု မိန့် တော် မူ၏။
လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့် သင့်မုန့်ကိုဖုတ်ရမည်ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က “သို့ဖြစ်လျှင် လူ့မစင်အစား နွားချေးကိုပေးမည်။ ထိုနွားချေးနှင့် မုန့်ကိုဖုတ်ရမည်”ဟု မိန့်တော်မူ၏။
ထိုသူက``ဧကရာဇ်ဘုရင်သည်သင်တို့နှင့်သင်တို့ ဘုရင်အား ဤစကားများကိုပြောကြားရန်ငါ့ အားစေလွှတ်တော်မူလိုက်သည်ဟုမထင်ကြနှင့်။ ငါသည်မြို့ရိုးပေါ်တွင်ထိုင်နေကြသူတို့အားလည်း ပြောကြားပါ၏။ သင်တို့နည်းတူသူတို့သည်လည်း မိမိတို့၏ကျင်ကြီးကျင်ငယ်ကိုပြန်၍စားသောက် ကြရလိမ့်မည်'' ဟုပြန်ပြော၏။
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။-