အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
ယေဇကျေလ 39:4 - Common Language Bible ဂေါဂနှင့်စစ်သည်အလုံးအရင်းတို့သည် လည်းကောင်း၊ သူ၏မဟာမိတ်တို့သည်လည်း ကောင်းဣသရေလတောင်များပေါ်တွင်ကျ ဆုံးကြလိမ့်မည်။ ငါသည်သင့်အားငှက်ရဲ များနှင့်တောတိရစ္ဆာန်တို့၏အစာဖြစ်စေ မည်။- Garrad Bible ဣ သ ရေ လ တောင် တန်း ပေါ် တွင် ကျ ဆုံး အံ့ သော သင် မှ စ ၍၊ တပ် သား များ၊ အ ပေါင်း ပါ လူ မျိုး များ ကို၊ ငှက် ရဲ အ မျိုး မျိုး နှင့် တော သား ရဲ တို့ အား၊ အ စာ အ ဖြစ် အပ် ပေး မည်။ Judson Bible သင်နှင့် သင်၌ပါသော တပ်သားအပေါင်းတို့သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ ကိုက်စားစရာဖို့ ငါအပ်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်သင်၏စစ်သည်အားလုံးအပါအဝင် သင်၌ရှိသောလူတို့သည် အစ္စရေးတောင်များပေါ်တွင် ကျဆုံးကြလိမ့်မည်။ သင့်ကို အသားစားငှက်အမျိုးမျိုးနှင့် တောရိုင်းတိရစ္ဆာန်တို့၏အစာ ဖြစ်စေမည်။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-
သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
ထိုနောက်ယင်းသို့ကပ်နေသည့်ငါးများနှင့် တကွ သင့်အားနိုင်းမြစ်ထဲမှဆွဲထုတ်ကာ၊ တောကန္တာရ၌ပစ်ထားမည်။ သင်၏အလောင်း သည်မြေပေါ်သို့ကျလိမ့်မည်။ သင်္ဂြိုဟ်ခြင်း ကိုခံရမည်မဟုတ်။ ငှက်များ၊ တိရစ္ဆာန် များ၏အစာဖြစ်စေမည်။-
``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-
တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
ငါ၏တောင်ပေါ်တွင်ငါသည်ဂေါဂအားဋ္ဌား အားဖြင့် ထိတ်လန့်တုန်လှုပ်စေမည်။ ဤကားငါ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ် ၏။ သူ၏လူတို့သည်အချင်းချင်းသတ်ဖြတ် ကြလိမ့်မည်။-
သင်သည်ကွင်းပြင်ထဲတွင်ကျဆုံးလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊ သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။ မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။ လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။