အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
ယေဇကျေလ 39:11 - Common Language Bible ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။- Garrad Bible ထို နေ့ ရက် ကာ လ၊ ငါ သည် ပင် လယ် အ ရှေ့ ဘက် ဖြတ် လမ်း ချိုင့် ကို၊ ဣ သ ရေ လ ပြည် တွင် သင်္ချိုင်း အ ဖြစ်၊ ဂေါ ဂ မင်း အ ဖို့ စီ ရင် လျက်၊ ဖြတ် သန်း သူ တို့ လမ်း ပိတ် အောင်၊ ဂေါ ဂ မင်း နှင့် အ လုံး အ ရင်း တို့ ကို သင်္ဂြိုဟ် ကြ မည့် အ တွက်၊ ဟာ မုန် ဂေါ ဂ ချိုင့် ဟု သ မုတ် ကြ ရ လ တ္တံ့။ Judson Bible ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသောသင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူအလုံးအရင်းရှိသမျှကို မြေ၌မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးပြည်၊ ပင်လယ်အရှေ့ဘက်ခရီးသွားရာလွင်ပြင်တွင် ဂေါဂမင်းကြီးကို သင်္ဂြိုဟ်ရန် မြေနေရာပေးမည်။ ထိုနေရာတွင် ဂေါဂမင်းကြီးနှင့်သူ့လူအုပ်ကို သင်္ဂြိုဟ်ကြသဖြင့် ခရီးသွားလာသောသူတို့အတွက် လမ်းပိတ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာကို ဟာမုန်ဂေါဂချိုင့်ဟု ခေါ်ဆိုကြလိမ့်မည်။ |
အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
ကိုယ်တော်က``အချင်းလူသား၊ မာဂေါဂပြည်၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီးဆုံး ဖြစ်သောအုပ်စိုးသူဂေါဂမင်းအားရှုတ်ချ၍၊-
ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ဣသရေလအမျိုးသားတို့သည်ပြည်ရွာ သန့်ရှင်းမှုအတွက် လူသေအလောင်းများ ကိုခုနစ်လပတ်လုံးသင်္ဂြိုဟ်ရကြလိမ့်မည်။-
ထိုသူတို့သည်ပြည်ရွာကိုအစုန်အဆန် သွားလာလျက်လူရိုးများကိုတွေ့ရှိသည့် အခါတိုင်း ဂေါဂတပ်မတော်ချိုင့်ဝှမ်းတွင် မြှုပ်နှံမည့်သူများရောက်ရှိလာချိန်တိုင် အောင်မှတ်တိုင်များကိုစိုက်ထားကြလိမ့် မည်။-
``အရှေ့ဘက်နယ်နိမိတ်ကားဒမာသက် ပြည်နှင့်ဟောရန်ပြည်စပ်ကြားမှပင်လယ် သေကမ်းပေါ်ရှိတာမာမြို့အထိဖြစ်၍ ယော်ဒန်မြစ်အနောက်ဘက်တွင်ရှိသော ဣသရေလပြည်နှင့်အရှေ့ဘက်တွင်ရှိ သောဂိလဒ်ပြည်တို့၏နယ်ခြားအမှတ် အသားဖြစ်၏။
ထိုအရပ်တွင်အသားကိုတောင့်တသူတို့၏ အလောင်းများကိုမြုပ်နှံခဲ့ရသဖြင့် ကိဗြုတ် ဟတ္တဝါသို့မဟုတ်တောင့်တသူတို့၏သင်္ချိုင်း ဟူ၍နာမည်မှည့်ခေါ်လေ၏။
ထိုမှတစ်ဖန်တောင်ဘက်အဣနအရှေ့သို့ လည်းကောင်း၊ ထိုနောက်ဂါလိလဲအိုင်အရှေ့ ဘက်ကမ်းခြေရှိ တောင်ကုန်းများကိုဖြတ် ကျော်ပြီးလျှင်၊-
တစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။-
ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-