သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
ယေဇကျေလ 33:15 - Common Language Bible ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။- Garrad Bible အ ပေါင် ခံ ပ စ္စည်း ကို ပြန် ပေး ခြင်း၊ လု ယက် ဥ စ္စာ ကို ဆပ် ခြင်း၊ မ တ ရား မှု ကို ဆက် လက် မ ပြု ဘဲ၊ အ သက် တည် ရာ တည် ကြောင်း ဖြစ် သော ထုံး ဖွဲ့ ချက် အ တိုင်း လိုက် လျှောက် ခြင်း များ ကို ပြု သော် ထို လူ ဆိုး သည်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။ Judson Bible ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသောဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့ လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် အပေါင်ပစ္စည်းကို ပြန်ပေးမည်၊ လုယူပစ္စည်းတို့ကို ပြန်လျော်ပေးမည်၊ မကောင်းမှုကိုရှောင်၍ အသက်ချမ်းသာရာရစေသောပြဋ္ဌာန်းချက်တို့ကို လိုက်နာမည်ဆိုလျှင် သူသည် မသေ၊ စင်စစ်အသက်ချမ်းသာရာရလိမ့်မည်။ |
သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
ကွန်တော်မျိုးသည်မိမိ၏နေထိုင်ပုံကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော ဆုံးမသွန်သင်ခက်မားအတိုင်းလိုက်နာရန် ကတိပြုပါ၏။
ကိုယ်တော်ရှင်သည်ဥပဒေသတော်မားအားဖြင့် ကွန်တော်မျိုးအားအသက်ရှင်စေတော်မူသည် ဖြစ်၍ ကွန်တော်မျိုးသည်ယင်းတို့ကိုအဘယ်အခါ ၌မှ လစ်လူရှုလိမ့်မည်မဟုတ်ပါ။
နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
ပိုင်ရှင်အားတိရစ္ဆာန်အသေကောင်အတွက် လျော်ကြေးပေးဆောင်၍တိရစ္ဆာန်အသေ ကောင်ကိုပိုင်စေ။-
သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
သူသည်လှည့်စားမှုကိုမပြု။ သူတစ်ပါး၏ ဥစ္စာကိုအနိုင်အထက်မလုမယူ။ အပေါင်ခံ ပစ္စည်းကိုလည်းပြန်၍ပေး၏။ ငတ်မွတ်နေသူ ကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ် အစားများကိုပေး၏။-
ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။
``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-
``သင်သည်တစ်စုံတစ်ခုကိုချေးငှားသော အခါ စပါးကြိတ်ဆုံကျောက်များကိုအပေါင် ပစ္စည်းအဖြစ်လက်မခံရ။ ထိုသို့ပြုလျှင် ချေးငှားသူ၏အသက်ကို အပေါင်ခံခြင်း လက်ခံရာရောက်မည်။