ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
ယေဇကျေလ 32:3 - Common Language Bible အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ မြောက် မြား သော လူ မျိုး အ လုံး အ ရင်း တို့ ဖြင့်၊ ပိုက် ကွန် တော် ကို သင့် အ ပေါ် တွင် ငါ ဖြန့် ချ လျက်၊ ဆွဲ တင် ကြ ပြီး လျှင်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့် သင့်ကိုအုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ငါသည် များစွာသောလူအလုံးအရင်းနှင့်အတူ သင့်ကို ငါ့ပိုက်ကွန်ဖြင့် အုပ်မည်။ သူတို့သည် ထိုပိုက်ကွန်ဖြင့် သင့်ကိုဆွဲယူကြလိမ့်မည်။ |
ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
ပိုက်ကွန်နှင့်သူ့ကိုငါအုပ်မည်။ ကျော့ကွင်းကို ထောင်၍သူ့အားငါဖမ်းမည်။ ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားပြီးလျှင်ထိုမြို့တွင်သူ့အား ဒဏ်ခတ်မည်။ အဘယ်ကြောင့်ဆိုသော်သူ သည်ငါ့ကိုသစ္စာဖောက်သောကြောင့်ဖြစ်၏။-
သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။