ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
ယေဇကျေလ 27:8 - Common Language Bible သင်၏လှော်တက်ကိုင်သမားများမှာဇိဒုန် မြို့သားနှင့် အာဝဒ်မြို့သားများဖြစ်၏။ လေ့ကျင့်မှုရှိသူတုရုမြို့သားများက သင်္ဘောသားများဖြစ်ကြ၏။ Garrad Bible အို တု ရု မြို့၊ ဇိ ဒုန် နှင့် အာ ဝဒ် မြို့ သား တို့ သည် တက် ခတ် သူ၊ သင့် ပ ညာ ရှိ တို့ သည် ပဲ့ နင်း သူ၊ Judson Bible ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘောသားဖြစ်၍၊ တုရုပညာရှိတို့သည် လမ်းပြမာလိန်ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆီဒုန်မြို့သားများနှင့်အာဝဒ်မြို့သားတို့သည် တက်ခတ်သမားများဖြစ်ကြ၏။ အို တိုင်ရာမြို့၊ သင်၌ ကျွမ်းကျင်သောမာလိန်မှူးများရှိ၏။ |
ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့၏ဖခင်လည်းဖြစ်သည်။ ခါနာန်အမျိုးအနွယ် အသီးသီးတို့သည်၊-
ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍ သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။ သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။
သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။-
ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။-
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။
ရေနစ်သေဆုံးကြသည့်သင်္ဘောသားတို့ ဟစ်အော်သံသည်ကမ်းခြေတွင်ပဲ့တင်ထပ် ၍သွား၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-