ပင်လယ်ရေဝိုင်းရံလျက်ရှိသောထိုကျောက် ၏အပေါ်တွင် ရေလုပ်သားတို့ပိုက်ကွန်များ ကိုလှန်းကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ လူ မျိုးတကာတို့သည်တုရုမြို့ကိုတိုက်ခိုက် လုယက်ကြလိမ့်မည်။-
ယေဇကျေလ 27:4 - Common Language Bible ပင်လယ်သည်သင်နေထိုင်ရာအရပ်ဖြစ်၏။ သင်၏ဗိသုကာတို့သည်သင့်အားလှပစွာ တည်ဆောက်ထားကြ၏။ Garrad Bible သ မု ဒ္ဒ ရာ အ နှစ် သာ ရ ကို ပိုင် သော သင်၏ အ ဆင်း လှ ခြင်း ကို၊ ဗိသု ကာ တို့ စုံ လင် စေ ခဲ့ ကြ ပြီ။ Judson Bible သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှာ ပြုကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း သင်၏နယ်နိမိတ်သည် ပင်လယ်ထဲ၌ရှိ၏။ ဗိသုကာပညာရှင်တို့သည် သင့်ကိုလှပအောင် တည်ဆောက်ထားပြီ။ |
ပင်လယ်ရေဝိုင်းရံလျက်ရှိသောထိုကျောက် ၏အပေါ်တွင် ရေလုပ်သားတို့ပိုက်ကွန်များ ကိုလှန်းကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ လူ မျိုးတကာတို့သည်တုရုမြို့ကိုတိုက်ခိုက် လုယက်ကြလိမ့်မည်။-
ထိုမြို့သည်ပင်လယ်ကမ်းစပ်တွင်ရှိ၍ ပင်လယ် ကမ်းခြေပေါ်တွင်ရှိသမျှသောမြို့တို့နှင့်ကုန် သွယ်ဘက်ဖြစ်၏။ သူ့အားအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့်ဆို လော့။ ``အချင်းတုရုမြို့၊ သင်သည်အပြစ်ဆိုဖွယ် မရှိအောင်လှပတင့်တယ်သည့်အတွက်ဝါ ကြွားတတ်၏။
သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊ လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
သင်မွေးဖွားချိန်မှအစပြု၍ဒုစရိုက် ကိုစတင်ပြုကျင့်ချိန်အထိ သင်၏အပြု အမူများသည်အဘယ်သို့မျှအပြစ်ဆို စရာမရှိ။-
သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-