ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
ယေဇကျေလ 27:18 - Common Language Bible ဒမာသက်မြို့ကသင့်ကုန်စည်များနှင့်သင် ထုတ်လုပ်သည့်ပစ္စည်းအသုံးအဆောင်များ ကိုဝယ်ယူကာ ဥဇလမြို့အနီးရှိဝေဒန် မြို့နှင့်ယာဝန်မြို့တို့ကလည်း ပစ္စည်းအသုံး အဆောင်များအတွက်ဟေလဗုန်စပျစ်ရည်၊ စဟာရသိုးမွေးတို့ဖြင့်ပေးချေကြ၏။ သူ တို့သည်သံကြွတ်၊ အမွှေးအကြိုင်အမျိုး မျိုးနှင့်လည်း သင်၏ကုန်စည်များကိုလဲ လှယ်ကြ၏။- Garrad Bible သင်၌ လက် ဖြစ် ဥ စ္စာ ဘ ဏ္ဍာ အ မျိုး မျိုး များ ပြား သည့် အ တွက်၊ ဒ မာ သက် မြို့ သည်၊ ဟေ လ ဗုန် စ ပျစ် ရည် နှင့် ဇာ ခ ရ သိုး မွေး များ ကို ကုန် သွယ် သူ ဖြစ်၏။ Judson Bible ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖလှယ်လျက် ဖောက်ကားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဒမတ်စကပ်မြို့သည် ကုန်စည်မျိုးစုံပေါများသော၊ ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၏။ ထိုကုန်စည်တို့ကို ဟေလဖုန်စပျစ်ဝိုင်များ၊ ဇောဟာသိုးမွေးများနှင့် လဲလှယ်၏။ |
ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
သင်သည်မိမိ၏ကုန်စည်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် လူမျိုးတကာတို့လိုနေသောအရာများကို ဖြည့်ဆည်းပေး၏။ သင်၏များပြားသောကုန်ပစ္စည်းများကဘုရင် တို့ကို ချမ်းသာကြွယ်ဝစေလေသည်။
သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။