သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။
ယေဇကျေလ 25:2 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။- Garrad Bible အ ချင်း လူ့ သား၊ အ မ္မုန် အ မျိုး သား တို့ ကို မျက် နှာ မူ၍ ဟော ပြော ဆင့် ဆို လျက်၊ Judson Bible အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အမ္မုန်အမျိုးသားတို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ |
သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။
ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍အချင်းလူသားသူတို့အားရှုတ် ချ၍ပရောဖက်ပြုကြလော့'' ဟုမိန့်တော် မူ၏။
ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-