သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။-
ယေဇကျေလ 23:6 - Common Language Bible ထိုသူတို့သည်မရမ်းစေ့ရောင်ဆင်တူဝတ်စုံ များကိုဝတ်ဆင်သူစစ်သူရဲများ၊ မှူးမတ် များနှင့်အထက်တန်းအရာရှိများဖြစ် ကြ၏။ သူတို့အားလုံးပင်ရုပ်ရည်ချော၍ ပျိုရွယ်သောမြင်းတပ်ဗိုလ်များဖြစ်သတည်း။- Judson Bible မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။ မြန်မာ့စံမီသမ္မာကျမ်း အဆီးရီးယားလူမျိုးတို့သည် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသောဘုရင်ခံများ၊ ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ မြင်းစီးသူရဲများ ဖြစ်ကြ၏။ |
သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။-
သူသည်ကမ်းကုန်အောင်အကျင့်ပျက်သူ ဖြစ်ကြောင်း အစ်မကဲ့သို့ဆိုးရွားသူဖြစ် ကြောင်းကိုငါသိမြင်၏။
ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။-