ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
ယေဇကျေလ 23:49 - Common Language Bible အချင်းညီအစ်မနှစ်ယောက်တို့၊ ငါသည်သင်တို့ အားအကျင့်ပျက်မှု၊ ရုပ်တုများအားရှိခိုးဝတ် ပြုမှုအပြစ်များအတွက်ဒဏ်ခတ်မည်။ ထိုအခါ ငါသည်အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ကာ မ ဂုဏ် လိုက် စား မှု အ တွက်၊ ဆပ် ပေး ခံ ရ သူ သင် တို့ လည်း၊ ရုပ် ပွား ကိုး ကွယ် မှု ပြစ် ဝန် ကို ထမ်း လျက်၊ အ ရှင် ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။ Judson Bible လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့်ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ |
ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
မိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။-
သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
သင်သည်မိမိပြုခဲ့သည့်ညစ်ညမ်းစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်အမှုများ၏အကျိုး ဆက်ကိုခံရမည်'' ဟုမိန့်တော်မူ၏။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးတို့အားငါပေးမည်ဟု ကျိန်ဆိုကတိပြုထားသည့်ဣသရေလ ပြည်သို့ သင်တို့ကိုငါယူဆောင်လာသော အခါ ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
ထိုသူနှစ်ယောက်တို့ကဲ့သို့မျောက်မ မထားကြ စေရန် အမျိုးသမီးအပေါင်းတို့အားသတိ ပေးသည့်အနေဖြင့် ငါသည်တစ်ပြည်လုံး၌ အကျင့်ပျက်မှုမှန်သမျှကိုရပ်စဲစေမည်။-
ငါတို့ပြည်နှင်ဒဏ်ခံစဉ်ကိုးနှစ်မြောက်ဒသမ လ၊ လဆန်းဆယ်ရက်နေ့၌ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ထံသို့ရောက်လာ၏။-
ရဗ္ဗာမြို့ကိုကုလားအုတ်တင်းကုတ်၊ အမ္မုန် ပြည်တစ်ခုလုံးကိုသိုးစားကျက်ဖြစ်စေ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုသင်တို့သိရှိကြလိမ့်မည်။''
နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။