ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
ယေဇကျေလ 22:30 - Common Language Bible ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။- Garrad Bible ပြည် တော် ကို ငါ မ ဖျက် ဆီး ရ အံ့ သော ငှာ၊ ရှေ့ တော် တွင် အ ပေါက်၌ ရပ် တန့်၍ မြို့ ရိုး ပြု ပြင် ဝံ့ သူ့ ကို၊ ငါ ရှာ သော် လည်း၊ တစ် ဦး တစ် ယောက် မျှ မ တွေ့ ချေ။ Judson Bible ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှာ ကွယ်ကာသောသူ၊ မြို့ရိုးပျက်ပေါ်မှာရပ်၍ ဆီးတားသောသူ တစ်ယောက်ကိုမျှ ငါရှာ၍မတွေ့။ မြန်မာ့စံမီသမ္မာကျမ်း ထိုပြည် ဖျက်ဆီးမခံရအောင် မြို့ရိုးကိုပြုပြင်မည့်သူ၊ ထိုပြည်ကိုယ်စား ကျိုးပေါက်ရာ၌ ငါ့ရှေ့တွင်ရပ်မည့်သူကို ထိုမြို့တွင် ငါရှာသော်လည်း တစ်ယောက်မျှမတွေ့။ |
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-
ငါ့အားကူညီမည့်သူတစ်စုံတစ်ယောက်မျှမ ရှိသည်ကိုတွေ့ရသောအခါ ငါအံ့သြမိ၏။ သို့ရာတွင်ငါ၏အမျက်ဒေါသကငါ့အား စွမ်းအားကိုပေးသဖြင့် ငါကိုယ်တိုင်အောင်ပွဲ ကိုအရယူခဲ့ပါ၏။-
ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။-
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။-