သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
ယေဇကျေလ 19:9 - Common Language Bible ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီး လှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကို နောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။ Garrad Bible နှာ ဖား ကြိုး ထိုး လျက် ချိုင့် လှောင်၍၊ ဗာ ဗု လုန် ဘု ရင် ထံ ယူ သွား ကြ၏။ ဣ သ ရေ လ ခင် တန်း၌၊ နောင် ဟိန်း ဟောက် သံ မ ကြား ရ အံ့ သော ငှာ၊ လှောင် အိမ် များ အ တွင်း သွင်း ထား ကြ လေ စွ။ Judson Bible သံကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင်ပေါ်မှာ နောက်တစ်ဖန် မမြည်စေခြင်းငှာ နှောင်အိမ်၌လှောင်ထားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုကြိုးကွင်းစွပ်လျက် လှောင်အိမ်ထဲထည့်ကာ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထား၏။ ထို့ကြောင့် အစ္စရေးတောင်များပေါ်တွင် သူ၏ဟိန်းဟောက်သံကို မကြားရတော့ပေ။ |
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
အီဂျစ်ဘုရင်နေခေါသည်သူ့အားဟာမတ် ပြည်ရိဗလမြို့၌အကျဉ်းချထားပြီးလျှင် ယုဒပြည်မှငွေအလေးချိန်ပေါင်ခုနစ်ထောင့် ငါးရာနှင့်ရွှေအလေးချိန်ခုနစ်ဆယ့်ငါးပေါင် ကို အခွန်ဘဏ္ဍာအဖြစ်တောင်းလေ၏။ ထိုအခါ မှစ၍ယောခတ်၏နန်းသက်မှာကုန်ဆုံးသွား တော့၏။-
နေဗုခဒ်နေဇာသည်ယေခေါနိမှစ၍သူ၏ မယ်တော်၊ မိဖုရားများ၊ မှူးမတ်များ၊ ယုဒ အမျိုးသားခေါင်းဆောင်များကို ဗာဗုလုန်မြို့ သို့ဖမ်းဆီးခေါ်ဆောင်သွားလေသည်။-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။ သူဟောက်လိုက်သည့်အခါတိုင်း၊ ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။
အားနည်းသောသိုးတို့ကိုမကြည့်ရှု။ နာ ဖျားသောသိုးတို့ကိုလည်းဆေးမကု။ ဒဏ် ရာရသောသိုးတို့ကိုအဝတ်နှင့်မစည်း။ လမ်းမှားသည့်သိုးတို့ကိုပြန်၍မစုသိမ်း။ ပျောက်သောသိုးတို့ကိုလည်းမရှာဘဲသင် တို့သည်ထိုသိုးတို့ကိုမညှာမတာပြုမူ ကြ၏။-
ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-