ယင်းသို့ဝိုင်းရံထားချိန်၌နေဗုခဒ်နေဇာကိုယ် တိုင်ပင် ယေရုရှလင်မြို့သို့ရောက်ရှိလာလေသည်။-
ယေဇကျေလ 19:8 - Common Language Bible ထိုအခါအရပ်ရပ်သူ၏ပတ်ဝန်းကျင်မှ လူမျိုးတကာတို့သည်စုရုံးလာကြလျက်၊ သူ့အားမုဆိုးပိုက်ကွန်များဖြင့်တွင်းထဲသို့ ထောင်ဖမ်းကြ၏။ Garrad Bible ထို အ ခါ၊ ပတ် ဝန်း ကျင် ပြည် နယ် ရှိ လူ မျိုး ခြား တို့ သည် လိုက် လံ၍၊ ပိုက် ကွန် ဖြန့် ချ လျက် တွင်း ကျ ထောင် ဖမ်း သော ထို ခြင်္သေ့ ကို လည်း၊ Judson Bible ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဖမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဝန်းကျင်ရှိတိုင်းနိုင်ငံများမှ လူမျိုးတို့သည် သူ့ကိုလာတိုက်ခိုက်ကြ၏။ သူ့ကိုပိုက်ကွန်နှင့်အုပ်၏။ သူသည် ထောင်ချောက်တွင်းထဲသို့ ကျလေပြီ။ |
ယင်းသို့ဝိုင်းရံထားချိန်၌နေဗုခဒ်နေဇာကိုယ် တိုင်ပင် ယေရုရှလင်မြို့သို့ရောက်ရှိလာလေသည်။-
မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
ပိုက်ကွန်နှင့်သူ့ကိုငါအုပ်မည်။ ကျော့ကွင်းကို ထောင်၍သူ့အားငါဖမ်းမည်။ ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားပြီးလျှင်ထိုမြို့တွင်သူ့အား ဒဏ်ခတ်မည်။ အဘယ်ကြောင့်ဆိုသော်သူ သည်ငါ့ကိုသစ္စာဖောက်သောကြောင့်ဖြစ်၏။-
လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။ သူဟောက်လိုက်သည့်အခါတိုင်း၊ ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။