ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးလမျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာ လိဗနမြို့သားယေရမိ၏ သမီးဟာမုတာလဖြစ်၏။-
ယေဇကျေလ 19:4 - Common Language Bible လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။ Garrad Bible သ တင်း ကြား သော လူ မျိုး ခြား တို့ သည်၊ တွင်း ကျ ထောင် ဖမ်း ပြီး လျှင်၊ နှာ ဖား ကြိုး ထိုး လျက် အိ ဂျစ် ပြည် သို့ ဆွဲ ငင် ကြ ၏။ Judson Bible လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ့အကြောင်းကိုကြားသော လူမျိုးခြားတို့သည် သူ့ကိုတွင်းနှင့်ထောင်ဖမ်းပြီး ကြိုးကွင်းစွပ်၍ အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။ |
ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးလမျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာ လိဗနမြို့သားယေရမိ၏ သမီးဟာမုတာလဖြစ်၏။-
နေခေါသည်ယောခတ်၏ညီဧလျာကိမ်ကို ယုဒပြည်ဘုရင်အဖြစ်နန်းတင်ပြီးလျှင် ယောယကိမ်ဟူသောနာမည်သစ်ကိုပေး လေသည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ ခေါ်ဆောင်သွားတော်မူ၏။
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
ခြင်္သေ့မသည်မိမိ၏မျှော်လင့်ချက်များမရှိ တော့ဘဲ မျှော်မှန်းချက်များကုန်ဆုံးသည်ကို သိမြင်သောအခါ အခြားသားငယ်တစ်ကောင်ကိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ပြန်၏။ ထိုသားငယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသောခြင်္သေ့ ဖြစ်လာလေသည်။