ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
ယေဇကျေလ 16:22 - Common Language Bible သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။ Garrad Bible ရွံ ရှာ ဖွယ် အ မှု၊ မှား ယွင်း သော အ မှု ရှိ သ မျှ ကို ပြု ရာ၊ အ သွေး၌ အ ဝတ် အ ချည်း စည်း ကန် ကျောက် လျက် နေ ရ သော ငယ် ရွယ် စဉ် ကာ လ ကို၊ သင် သ တိ မ ရ ချေ။ Judson Bible သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှု၊ မတရားသော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ်သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ်အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါတကား။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အလုံးစုံသောစက်ဆုပ်ရွံရှာဖွယ်ပြည့်တန်ဆာအမှုကိုပြုစဉ် ငယ်စဉ်ဘဝက အဝတ်မပါအချည်းစည်းဖြစ်ခဲ့၍ သွေးထဲတွင်လူးနေခဲ့ရသည်ကို သင်မအောက်မေ့ပါတကား။ |
ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
အရှင်ထာဝရဘုရားက``သင်သည်အမင်္ဂ လာရှိ၏။ အမင်္ဂလာရှိ၏။ သင်သည်ထိုမ ကောင်းမှုများကိုပြုကျင့်ပြီးနောက်၊-
ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။-