ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
ယေဇကျေလ 13:1 - Common Language Bible ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။- Garrad Bible တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ |
ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
ခေါင်းပိုင်းသည်သက်ကြီးဝါကြီးဂုဏ်အသရေ ရှိသူများဖြစ်၍ အမြီးပိုင်းသည်လိမ်လည် ဟောပြောတတ်သူပရောဖက်များဖြစ်၏။-
သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏ပရောဖက်များကိုရှုတ်ချ လော့။ ဗျာဒိတ်စကားများကို မိမိတို့ကိုယ်တိုင် လုပ်ကြံဟောပြောကြသူတို့အား ထာဝရ ဘုရား၏အမိန့်တော်ကိုနားထောင်ကြရန် ပြောကြားလော့'' ဟုမိန့်တော်မူ၏။