ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။-
ယေဇကျေလ 1:16 - Common Language Bible ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။- Garrad Bible ၎င်း စက် များ ၏ အ ဆင်း နှင့် ပုံ သဏ္ဌာန် ကား၊ ဥဿ ဖ ယား အ ရောင် နှင့် တူ လျက်၊ တစ် သဏ္ဌာန် တည်း ရှိ လျက်၊ တစ် စက် အ တွင်း တွင် တစ် စက် ပါ သော အ သွင် နှင့် ပုံ ရှိ ၏။ Judson Bible ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဌာန်မူကား၊ ဘီးတစ်ခုအထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဘီးတို့သည် ကျောက်မျက်ရွဲဖြင့် ထုလုပ်ထားသည်နှင့်တူ၏။ ကျောက်မျက်ရွဲအဆင်းအရောင်ကဲ့သို့တောက်ပ၏။ ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ပြုလုပ်ထားသည့်ပုံစံမှာ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုး ဖြစ်၏။ |
ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။-
စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။
ကိုယ်တော်၏တရားမျှတမှုသည်မြင့်မားသော တောင်ရိုးနှင့်တူပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူချက်တို့သည် ပင်လယ်၏နက်ရှိုင်းရာများနှင့်တူပါ၏။ ကိုယ်တော်ရှင်သည်လူနှင့်တိရစ္ဆာန်တို့ကို စောင့်ရှောက်တော်မူပါ၏။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။-
ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။
သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
ဤသို့ပြုတော်မူခြင်းမှာကောင်းကင်လောက ကိုအစိုးရသူများနှင့်အာဏာပိုင်များသည် ကိုယ်တော်၏အထူးထူးအပြားပြားသော ဉာဏ်ပညာတော်ကို ယခုအခါ၌အသင်း တော်အားဖြင့်သိလာကြစေရန်ပင်ဖြစ် ပေသည်။-