သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။-
ယေဇကျေလ 1:12 - Common Language Bible သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။ Garrad Bible သွား လာ ရာ၌ မ လှည့် ဘဲ မျက် နှာ မူ ရာ သို့ ဝိ ညာဉ် သွား လို သည့် အ တိုင်း သွား ကြ၏။ Judson Bible ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏။ သွားသောအခါတစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။ |
သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။-
ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။