ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ယောလ 2:13 - Common Language Bible သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။ Garrad Bible ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ ကြွယ် ဝ သော သ ဘော၊ ပေး အံ့ သော ဘေး မှ ပြောင်း လဲ သော သ ဘော နှင့် ပြည့် စုံ တော် မူ သော၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ အ ဝတ် ကို မ ဟုတ်၊ စိတ် နှ လုံး ကို ဆုတ် လျက် ပြန် လာ ကြ လော့။ Judson Bible အဝတ်ကို မဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန် ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော ရှိတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အဝတ်ကိုမဆုတ်၊ နှလုံးသားကိုဆုတ်ပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ ဘေးအန္တရာယ်ကို လွှဲဖယ်ပေးတော်မူတတ်သောဘုရား ဖြစ်၏။ |
ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
ဒါဝိဒ်နှင့်သူ၏လူတို့သည်ဝမ်းနည်းကြေကွဲ သည့်အနေဖြင့် မိမိတို့၏အဝတ်များကို ဆုတ်ဖြဲကြ၏။-
ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
ဤအကြောင်းကိုကြားသောအခါမင်းကြီးသည် ဝမ်းနည်းစိတ်ပျက်လျက် မိမိ၏အဝတ်တော်ကို ဆုတ်သဖြင့် ထိုအဝတ်တော်အောက်တွင်ဝတ်ဆင် ထားသောလျှော်တေကိုမြို့ရိုးအနီးရှိလူတို့ တွေ့မြင်ရကြလေသည်။-
အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားညောင်း တော်မူပါ။ ကိုယ်တော်၏အစေခံဣသရေလ ပြည်သူတို့၏အပြစ်များကိုဖြေလွှတ်တော် မူပါ။ သူတို့အားလမ်းမှန်ကိုပြညွှန်တော်မူ ပါ။ ကိုယ်တော်၏လူမျိုးတော်အားအပိုင်ပေး သနားတော်မူသည့်ပြည်တော်တွင်မိုးရွာ စေတော်မူပါ။''
သူတို့သည်ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ ပြုတော်မူသောအမှုတော်တို့ကို မေ့ပျောက်လိုက်ကြပါ၏။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များကို သတိမရကြတော့ပါ။ မာန်မာနထောင်လွှားကာမိမိတို့အား ကျွန်ခံရာအီဂျစ်ပြည်သို့ပြန်လည်ခေါ်ဆောင် စေရန် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ကြပါ၏။ သို့ရာတွင်ကိုယ်တော်သည်အပြစ်များကို ဖြေလွှတ်တော်မူသည့်ဘုရားဖြစ်တော်မူပါ၏။ ချစ်ခင်ကြင်နာတော်မူ၍စိတ်ရှည်တော်မူပါ၏။ ကရုဏာတော်သည်ကြီးမားသည်ဖြစ်၍ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။
ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးပူဇော်သောယဇ်သည်နှိမ့်ချသော စိတ်နှလုံးပင်ဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်နှိမ့်ချ၍နောင်တရသော စိတ်နှလုံးကိုပစ်ပယ်တော်မူမည်မဟုတ်ပါ။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။-
ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
`အကယ်၍သင်တို့သည်ဤပြည်တွင်ဆက်လက် နေထိုင်လိုကြပါမူ၊ ငါသည်သင်တို့အားမဖြို မဖျက်ဘဲတည်ဆောက်မည်။ ငါသည်သင်တို့အား မဆွဲမနုတ်ဘဲစိုက်ပျိုးမည်။ သင်တို့အပေါ်သို့ ငါသက်ရောက်စေခဲ့သည့်ဘေးအန္တရာယ်ဆိုး အတွက်ငါများစွာကြေကွဲဝမ်းနည်းပါ၏။-
``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
သို့ရာတွင်ဘုရားသခင်၏ကရုဏာတော်သည် အလွန်ကြွယ်ဝ၍ မေတ္တာတော်သည်အလွန် ကြီးမားလှသဖြင့်ကိုယ်တော်သည်၊-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-