ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
ယောရှု 8:35 - Common Language Bible ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။ Garrad Bible ဣ သ ရေ လူ ပ ရိ သတ်၊ မိန်း မ၊ သား သ မီး၊ ဝင် နေ ကပ် ပါး တို့ ရှေ့၊ မော ရှေ မှာ ထား ခဲ့ သ မျှ အ နက် ယော ရှု မ ဖတ် မ ရွတ် သော အ ချက် တစ် ချက် မျှ မ ရှိ ချေ။ Judson Bible ယောရှုသည် မောရှေမှာထားသော စကားတစ်ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တစ်ကျွန်းတစ်နိုင်ငံသားပါသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ အကုန်အစင်ဖတ်ရွတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေမိန့်မှာထားသောစကားတို့ကို မိန်းမ၊ ကလေးနှင့်တကွ အစ္စရေးလူမျိုးနှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားတို့အပါအဝင် အစ္စရေးလူထုတစ်ရပ်လုံးရှေ့တွင် မဖတ်ဘဲထားခဲ့သောစကားတစ်ခွန်းမျှမရှိ။ |
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။-
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
ထိုနေ့ရက်ကာလ၌ယုဒအမျိုးသား တစ်ဦးအားလူမျိုးခြားတစ်ကျိပ်က``ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူကြောင်း ငါတို့ကြားသိရကြပေပြီ။ သို့ဖြစ်၍ ငါတို့သည်သင်တို့နှင့်ဆိုးတူကောင်းဖက် ဖြစ်လိုကြပါသည်' ဟုဆိုလိမ့်မည်'' ဟု မိန့်တော်မူ၏။
သခင်ယေရှုသည်ထိုအခြင်းအရာကိုမြင်တော် မူလျှင် အမျက်ထွက်တော်မူ၍ ``ကလေးသူငယ်တို့ ကိုငါ့ထံသို့လာကြပါစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထိုသို့သော သူတို့၏နိုင်ငံဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
သို့ရာတွင်ခုနစ်ရက်စေ့သောအခါ ကျွန်ုပ်တို့ သည်ဆက်၍ခရီးပြုကြလေသည်။ တပည့် တော်အပေါင်းတို့သည်မိမိတို့၏ဇနီးများ၊ ကလေးများနှင့်အတူမြို့ပြင်ပင်လယ်ကမ်း သို့ရောက်အောင်လိုက်ပို့ကြ၏။ ကျွန်ုပ်တို့သည် ပင်လယ်ကမ်းပေါ်တွင်ဒူးထောက်၍ဆုတောင်း ကြ၏။-
``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။-
သင်တို့သည်ငါမိန့်မှာသမျှကိုဖြည့်စွက် ခြင်း၊ နုတ်ပယ်ခြင်းမပြုရ။ သင်တို့အားငါ ပေးသော သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်တို့ကိုလိုက်နာ ကြလော့။-