နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
ယောရှု 6:12 - Common Language Bible နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။- Garrad Bible ယော ရှု သည် နံ နက် အ ချိန် ထ၍၊ ပ ရော ဟိတ် တို့ လည်း ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပင့် ဆောင် ကြ ရာ၊ Judson Bible နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။ |
နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊-
နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
သို့ဖြစ်၍ယောရှုသည်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်အားမြို့ကို ပထမ အကြိမ်လှည့်ပတ်စေ၏။ ထိုနောက်သူတို့သည် စခန်းသို့ပြန်လာ၍တစ်ညတာရပ်နားကြ သည်။
ရှေ့ဆုံးကတပ်သားများ၊ ထိုနောက်တံပိုးခရာ ခုနစ်လုံးကိုမှုတ်သောယဇ်ပုရောဟိတ်ခုနစ် ယောက်၊ သူတို့နောက်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပင့်ဆောင်သောယဇ်ပုရော ဟိတ်များနှင့်နောက်ဆုံးတပ်သားများလိုက် ပါချီတက်ကြ၏။ သူတို့ချီတက်နေစဉ် ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုမှုတ်ကြသည်။-
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် နောက်တစ်နေ့နံနက်၌ထွက်ခွာပြီးလျှင် ဂိဗာမြို့အနီးတွင်တပ်စခန်းကြ၏။-