ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
ယောရှု 22:26 - Common Language Bible ငါတို့သည်ယဇ်ပလ္လင်ကိုတည်ဆောက်ရခြင်း မှာ ယဇ်နှင့်သကာများကိုမီးရှို့ပူဇော်ရန် အတွက်မဟုတ်ပါ။- Garrad Bible သို့ နှင့် အ ညီ၊ နောင် ကာ လ၌ ကျွန် တော် တို့ သား မြေး တို့ အား သင် တို့ သား မြေး တို့ က ထာ ဝ ရ ဘု ရား ကို တစ် စွန်း တစ် စ မျှ သင် တို့ မ ပိုင် ကြ ဟု ဆို ခွင့် မ ရ စေ ခြင်း ငှာ ကျွန် တော် တို့ က၊ မီး ရှို့ ရာ သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး အဖို့ မ ဟုတ်။ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး ဖြင့် ဘု ရား ဝတ် ကို ပြု ခွင့် ရ သော ကျွန် တော် တို့ နှင့် သင် တို့ ကြား တွင်၊ သား စဉ် မြေး ဆက် သက် သေ ဖြစ် စိမ့် သော ငှါ၊ ပ လ္လင် တော် ကို တည် ကြ ကုန် အံ့ ဟူ၍ လည်း ကောင်း၊ Judson Bible သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကိုတည်ခြင်းငှာ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်မည်အကြံ ရှိသည်မဟုတ်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့က ‘ငါတို့အဖို့ ယဇ်ပလ္လင်တည်ကြစို့။ သို့သော် မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်။ |
ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။-
ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-
ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)