ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ယောရှု 21:43 - Common Language Bible ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။- Garrad Bible ထို သို့ ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သော တစ် ပြည် လုံး ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည့် အ တိုင်း ဣသ ရေ လ လူ မျိုး အ ပိုင် ရ၍ နေ ရာ ကျ၏။ Judson Bible ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလအမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ၍ နေရာကျကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် အစ္စရေးလူမျိုးတို့၏ဘိုးဘေးတို့အား ဤပြည်ကို ပေးမည်ဟု ကျိန်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သူတို့အားပေးသဖြင့် သူတို့သည် ထိုပြည်ကို သိမ်းပိုက်၍နေထိုင်ကြလေ၏။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။-
သူတို့သည်ဤပြည်တွင်နေထိုင်လျက်ကိုယ်တော် ၏ဂုဏ်တော်ကိုချီးမွမ်းရန်ဗိမာန်တော်ကိုတည် ဆောက်ကြပါ၏။-
သူတို့သည်ခါနာန်ပြည်ကိုသိမ်းယူကြ ရပါ၏။ ထိုပြည်တွင်နေထိုင်သူတို့အားကိုယ်တော် နှိမ်နင်းတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ခါနာန်ပြည်ဘုရင်များနှင့် ပြည်သူတို့ကိုပြုချင်သလိုပြုနိုင်သော တန်ခိုးပေးတော်မူပါ၏။
ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့် ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။ သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အား ခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိ ပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။ သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင် ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
ငါသည်ထိုပြည်ကိုသင်တို့အားပေးသဖြင့် သင်တို့သည် ထိုပြည်ကိုသိမ်းပိုက်၍အခြေ ချနေထိုင်ကြရမည်။-
``သင်တို့သည်ငါပေးမည့်ခါနာန်ပြည်သို့ ဝင်ရောက်ကြသောအခါ သင်တို့ပိုင်နက် နယ်နိမိတ်ကိုဤသို့သတ်မှတ်ရမည်။-
သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးလျက် ဘုရားသခင်ထာဝရဘုရားပေးတော်မူမည့်ပြည်ကို သိမ်းပိုက်ရတော့မည်။ သင်တို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေချနေထိုင်ကြသော အခါ၊-
``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။-
``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်ကိုသိမ်းပိုက်နေ ထိုင်ကြသောအခါ ပတ်ဝန်းကျင်နိုင်ငံများ နည်းတူဘုရင်တစ်ပါးကိုနန်းတင်လို ကြပေလိမ့်မည်။-
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ ပြည်သည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ အဆက်အနွယ်တို့အား ပေးမည်ဟုငါကတိ ထားသောပြည်ဖြစ်သည်။ ယခုဤပြည်ကို သင်ကြည့်ရှုလော့။ သို့ရာတွင်ဤပြည်ကို သင်မဝင်ရ'' ဟုမိန့်တော်မူ၏။
သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-
ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-