သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
ယောရှု 21:41 - Common Language Bible အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အ ပိုင် အ တွင်း လေ ဝိ ဂိုဏ်း သား တို့ ဝ တ္ထု ကံ မြို့ ပေါင်း ကား၊ အ သီး အ သီး ပတ် ဝန်း ကျင် ရှိ စား ကျက် များ နှင့် ပြည့် စုံ သော လေး ဆယ့် ရှစ် မြို့ တည်း။ Judson Bible ဣသရေလအမျိုးသား နေရာနိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးသားမြေးတို့ ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့ ရရှိသောမြို့စုစုပေါင်းမှာ လေးဆယ့်ရှစ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။ |
သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။-
သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
သို့ဖြစ်၍မေရာရိသားချင်းစုသည်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့ကိုရရှိကြသည်။