အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
ယောရှု 21:40 - Common Language Bible သို့ဖြစ်၍မေရာရိသားချင်းစုသည်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့ကိုရရှိကြသည်။ Garrad Bible အ ဆက် အ နွယ် အ လိုက် မေ ရာ ရိ သား မြေး ဖြစ် သူ၊ ကြွင်း သော လေ ဝိ အ ဆက် အ နွယ် တို့ သည် မဲ ကျ သည့် အ တိုင်း ရ သော ဝ တ္ထု ကံ မြို့ များ ကား ထို ဆယ့် နှစ် မြို့ တည်း။ Judson Bible ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။ မြန်မာ့စံမီသမ္မာကျမ်း လေဝိမျိုးနွယ်စုထဲမှကျန်ရှိသော မေရာရိသားမြေးတို့ မျိုးနွယ်စုအလိုက် မဲချ၍ သူတို့ရသောမြို့စုစုပေါင်းမှာ တစ်ဆယ့်နှစ်မြို့ ဖြစ်၏။ |
အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။