ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
ယောရှု 21:38 - Common Language Bible သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။- Garrad Bible ဂဒ် နယ် တွင် ဂိ လဒ် ပြည် ရှိ လူ သတ် ခို ဝင် ရာ ရာ မုတ်၊ မ ဟာ နိမ်၊ ဟေ ရှ ဘုန်၊ ယာ ဇာ မြို့ များ နှင့် စား ကျက် ပါ လေး မြို့ ကိုလည်း ကောင်း ပေး ကြ ၏။ Judson Bible ဂဒ်ခရိုင်ထဲက၊ လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊ မြန်မာ့စံမီသမ္မာကျမ်း ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ |
ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။-
ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-
ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
သူတို့၏နယ်မြေသည်ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့နှင့်ဗေတောနိမ်မြို့တိုင် အောင်လည်းကောင်း၊ မဟာနိမ်မြို့မှလိုဒီဗာ နယ်စပ်တိုင်အောင်လည်းကောင်းကျယ်ပြန့်သည်။-
သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-
ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-