ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
ယောရှု 21:27 - Common Language Bible လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။- Garrad Bible လေ ဝိ အ ဆက် အ နွယ်၊ ဂေ ရ ရှုံ့ သား မြေး တို့ အား မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် တွင် ပေး ကြ သည် မှာ ဗာ ရှန် ပြည် ရှိ လူ သတ် ခို ဝင် ရာ ဂေါ လန်၊ ဗေ ရှ တေ ရ မြို့ များ နှင့် စား ကျက် ပါ နှစ် မြို့ ကို လည်း ကောင်း၊ Judson Bible လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။) |
ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-
သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။
သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊-
ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။