ယောရှု 19:40 - Common Language Bible သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။- Garrad Bible သ တ္တ မ မဲ ကျ၍၊ အိမ် ထောင် အ လိုက် ဒန့် အ နွယ် သား တို့ ပိုင် ရာ နယ် အတွင်း ရှိ မြို့ များ ကား၊ ဇော် ရာ၊ ဧ ရှ တော၊ ဣ ရ ရှေ မက်၊ Judson Bible သတ္တမတစ်ကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သတ္တမအကြိမ်မဲချရာတွင် ဒန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။ |
မြေယာ၏မြောက်ဘက်ရှိနယ်နိမိတ်မှာမြေထဲပင်လယ်မှ အရှေ့ဘက်ရှိဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်းနှင့်ဟာဇရေနန်မြို့၊ ထိုမှတစ်ဆင့်ဒမာသက်ပြည်နှင့်ဟာမတ်ပြည်နယ်ခြားအထိဖြစ်၏။ လူမျိုးအနွယ်တစ်နွယ်လျှင်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိနယ်မြေတစ်ခုကျစီ၊ မြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိစေရမည်။ ဒန် အာရှာ နဿလိ မနာရှေ ဧဖရိမ် ရုဗင် ယုဒ
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် နဿလိအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိသည်။
ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ ဒန်အနွယ်ဝင်တို့တွင်လည်း အခြားဣသရေလအမျိုးသားများကဲ့ သို့ ကိုယ်ပိုင်နယ်မြေတစ်စုံတစ်ရာမျှမရှိ ကြသေးပေ။ သို့ဖြစ်၍မိမိတို့သိမ်းယူ၍ အတည်တကျနေထိုင်ရန်နယ်မြေကို ရှာဖွေလျက်နေကြ၏။-