သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
ယောရှု 19:38 - Common Language Bible ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့စသောမြို့ကြီးတစ် ဆယ့်ကိုးမြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များဖြစ်သည်။- Garrad Bible ကေ ဒေ ရှ၊ ဧဒြိ အင် ဟာ ဇော်၊ ဣ ရုန်၊ မိ ဂဒ၊ လေ လ၊ ဟော ရင်၊ ဗေ သ နတ်၊ ဗက် ရှေ မက် မြို့ များ မှ စ၍ ဆင် ခြေ ဖုံး ပါ၊ ဆယ့် ကိုး မြို့ တည်း။ Judson Bible ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။ မြန်မာ့စံမီသမ္မာကျမ်း ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗက်အာနတ်မြို့၊ ဗက်ရှေမက်မြို့စသော မြို့ပေါင်းတစ်ဆယ့်ကိုးမြို့နှင့် ရွာများ ပါဝင်၏။ |
သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် နဿလိအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိသည်။
နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။