ယောရှု 18:3 - Common Language Bible သို့ဖြစ်၍ယောရှုကဣသရေလအမျိုး သားတို့အား``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကသင်တို့ကို ပေး တော်မူသောပြည်ကိုမသိမ်းယူဘဲအဘယ် မျှကြာအောင်စောင့်ဆိုင်းနေကြပါမည်နည်း။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား ယော ရှု က၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ ခဲ့ သော ပြည် ကို လုံး ဝ ပိုင် ဆိုင် ရန် ဖင့် နွှဲ ကြ သည် မှာ မည် မျှ ကြာ ဦး မည် နည်း။ Judson Bible ယောရှုက၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယောရှုက အစ္စရေးအမျိုးသားတို့အား “ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သွားရောက်သိမ်းပိုက်ရန် မည်မျှအချိန်ဆွဲနေဦးမည်နည်း။ |
ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။
ညနေငါးနာရီခန့်၌တစ်ဖန်သွားပြန်သောအခါ အခြားသောသူတို့ရပ်လျက်နေသည်ကိုတွေ့ သဖြင့်`သင်တို့အဘယ်ကြောင့်တစ်နေ့လုံးအလုပ် မလုပ်ဘဲဤနေရာတွင်ရပ်နေကြပါသနည်း'' ဟုမေး၏။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
ယောရှုသည်အသက်အရွယ်ကြီးရင့်လာ ပြီဖြစ်သည်။ ထာဝရဘုရားကယောရှု အား``သင်သည်အသက်အရွယ်ကြီးရင့် လာပြီ။ သိမ်းယူရမည့်နယ်မြေများစွာ ကျန်ရှိနေသေးသည်။-
သင်တို့၏အနွယ်တစ်နွယ်လျှင်သုံးယောက် ကျရွေးချယ်၍ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့။ ထိုသူတို့သည်မိမိတို့အတွက် နှစ်သက်ရာ နယ်မြေကိုပိုင်းခြားသတ်မှတ်ပေးရန်သူ တို့အားတစ်ပြည်လုံးသို့ငါစေလွှတ်မည်။ သူတို့သည်ယင်းသို့နယ်မြေတို့ကိုသတ်မှတ် ပေးပြီးသောအခါ ငါ့ထံသို့ပြန်လာရ ကြမည်။-
သူတို့ကလည်း``လာကြ၊ လဲရှမြို့ကိုငါ တို့သွားရောက်တိုက်ခိုက်ကြကုန်အံ့။ ထို နယ်မြေသည်အလွန်ကောင်းမွန်ကြောင်း ကိုငါတို့တွေ့မြင်ခဲ့ရပြီ။ ဤအရပ်တွင် ဆိုင်းလင့်၍နေကြမည်လော။ အလျင် အမြန်ထိုနယ်မြေကိုဝင်ရောက်သိမ်းယူ ကြကုန်အံ့။-