ဇေလမြို့၊ ဧလပ်မြို့၊ ယေဗုသိမြို့၊(သို့မ ဟုတ်ယေရုရှလင်မြို့၊) ဂိဗတ်မြို့၊ ကိရယတ် ယာရိမ်မြို့စသောမြို့ကြီးတစ်ဆယ်လေး မြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိမြို့များ လည်းပါဝင်သည်။ ဤနယ်မြေသည်ဗင်္ယာမိန် အနွယ်မိသားစုတို့ပိုင်သောနယ်မြေဖြစ် သည်။
ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူသော ယေဗုသိမြို့၊ ဂိဗတ်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။
ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-
ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)
ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့သည်ဂိဗာမြို့တွင်ကူးလွန်လျက်ရှိသော ဒုစရိုက်ကိုဆက်လက်ကူးလွန်လျက်ရှိကြ ၏။ သို့ဖြစ်၍ဂိဗာမြို့တွင်စစ်ဘေးသည်သူ တို့ကိုမီလာလိမ့်မည်။-
ဗင်္ယာမိန်အနွယ်မှသားချင်းစုများမှာဗေလ ၏သားချင်းစု၊ အာရှဗေလ၏သားချင်းစု၊ အဟိရံ၏သားချင်းစု၊-
ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။-
ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။
ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
ထိုနောက်ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းအနီးတောင်ခြေသို့ရောက်သည်။ တစ် ဖန်ယေဗုသိတောင်တန်းတောင်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းကိုဖြတ်၍တောင်ဘက်အင်္ရော ဂေလရွာသို့ရောက်သည်။-
ဒုတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါရှိမောင်အနွယ်ဝင် မိသားစုတို့နယ်မြေရရှိကြ၏။ ထိုနယ် မြေသည်ယုဒအနွယ်ဝင်တို့အားခွဲဝေ ပေးသောနယ်မြေအတွင်း၌တည်ရှိသည်။-
ဗင်္ယာမိန်အနွယ်ဝင်တို့မူကားယေရုရှလင် မြို့တွင် နေထိုင်သောယေဗုသိအမျိုးသားတို့ အားထိုမြို့မှနှင်ထုတ်ခြင်းမပြုကြချေ။ သို့ ဖြစ်၍ထိုအချိန်အခါမှအစပြု၍ယေဗုသိ အမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ နှင့်အတူယေရုရှလင်မြို့တွင်နေထိုင်ခဲ့ ကြသတည်း။
သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။-