ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ယောရှု 18:24 - Common Language Bible ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။- Garrad Bible ခေ ဖာ ဟာ မော နဲ၊ သြ ဖ နိ၊ ဂေ ဗ မြို့ များ၊ ဆင် ခြေ ဖုံး ပါ ဆယ့် နှစ် မြို့။ Judson Bible ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။ မြန်မာ့စံမီသမ္မာကျမ်း ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂေဗမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့နှင့်ရွာများ ပါ၏။ |
ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။
မင်းကြီးသည်ယုဒမြို့များမှယဇ်ပုရော ဟိတ်တို့ကို ယေရုရှလင်မြို့သို့ခေါ်ဆောင် ပြီးလျှင် တစ်ပြည်လုံးရှိထိုသူတို့ယဇ်ပူ ဇော်ခဲ့သောပလ္လင်များကိုညစ်ညမ်းစေတော် မူ၏။ မြို့ထဲသို့ဝင်သောအခါမြို့တံခါးမ ကြီး၏လက်ဝဲဘက်တွင်မြို့ဝန်ယောရှုတည် ဆောက်ထားသည့်တံခါးအနီး ဆိတ်နတ်မိစ္ဆာ တို့အားဆက်ကပ်ထားသောယဇ်ပလ္လင်များ ကိုလည်းဖြိုဖျက်တော်မူ၏။-
သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
ထို့အပြင်ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊- မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊- ရေကင် မြို့၊ ဣရပေလမြို့၊ တာရလမြို့၊-
ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။-