အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။ မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
ယောရှု 18:15 - Common Language Bible တောင်ဘက်နယ်နိမိတ်သည်ကိရယတ် ယာရိမ်မြို့စွန်မှအစပြု၍ နေဖတော စမ်းရေတွင်းများသို့ရောက်သည်။- Garrad Bible တောင် အ လား ကား၊ ကိ ရ ယတ် ယာ ရိမ် မြို့ အ နောက် စွန်း မှ ထွက် လျက်၊ နေ ဖ တော စမ်း ရေ တွင်း သို့ ရောက် ပြီး လျှင်၊ Judson Bible တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း တောင်ဘက်ခြမ်းတွင် နယ်နိမိတ်သည် ကိရယတ်ယာရိမ်မြို့စွန်မှ အနောက်ဘက်သို့ဆက်သွားပြီး နေဖတောစမ်းရေတွင်းသို့ ရောက်၏။ |
အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။ မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
ထိုနောက်နယ်နိမိတ်သည်ထိုတောင်အနောက် ဘက်မှယုဒအနွယ်ပိုင်သောကိရယတ် ဗာလမြို့(သို့မဟုတ်ကိရယယာရိမ်မြို့) အထိတောင်ဘက်သို့ဆင်းလာသည်။ ဤ သည်ကားအနောက်ဘက်နယ်နိမိတ်ဖြစ်၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-