အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ယောရှု 15:55 - Common Language Bible ထို့အပြင်မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊- ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာ နောမြို့၊- Garrad Bible ဆင် ခြေ ဖုံး ပါ ကိုး မြို့၊ မော န၊ က ရ မေ လ၊ ဇိ ဖ၊ ယု တ္တ၊ Judson Bible မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊ မြန်မာ့စံမီသမ္မာကျမ်း မောနမြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊ |
အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ယေရမေလ၏ညီဖြစ်သူကာလက်၏သားဦး မှာမေရှဟုနာမည်တွင်၏။ မေရှ၏သားသည် ဇိဖ၊ ဇိဖ၏သားမှာမရေရှ၊ မရေရှ၏သား ကားဟေဗြုန်ဖြစ်၏။-
ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊- အဒေါရိမ် မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊-
မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။
ဟုန္တမြို့၊ ဟေဗြုန်မြို့နှင့်ဇိအောရမြို့စသော မြို့ကြီးကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိ မြို့ရွာများလည်းပါဝင်လေသည်။
အလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့များ ပါဝင်သည်။ အနောက်နယ်နိမိတ်သည်ကရ မေလမြို့နှင့်ရှိဟောရလိဗနတ်မြို့များ ကိုဖြတ်သွားသည်။-
အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။
နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
သို့ဖြစ်၍ထိုသူတို့သည်ရှောလု၏အလျင် ဇိဖအရပ်သို့ပြန်လည်ထွက်ခွာလာခဲ့ကြ ၏။ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်ယေရှိမုန် မြို့တောင်ဘက်၊ အာရဗာချိုင့်ဝှမ်းရှိမောန တောကန္တာရတွင်ရှိနေကြ၏။-
ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။-
ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
သင်သည်သိုးများကိုအမွေးညှပ်လျက်နေ ကြောင်းကြားသိရသဖြင့် ဒါဝိဒ်ကသင်၏ သိုးထိန်းတို့သည်ကျွန်တော်တို့ရှိရာအရပ် တွင် သိုးများကိုထိန်းကျောင်းနေကြသော် လည်း ကျွန်တော်တို့သည်သူတို့အားဘေး အန္တရာယ်မပြုခဲ့ကြောင်းကိုလည်းကောင်း၊ သူတို့သည်ကရမေလမြို့တွင်ရှိနေစဉ် အတောအတွင်း၌ မည်သည့်အရာတစ် စုံတစ်ခုမျှခိုးဝှက်ခြင်းမခံရကြ ကြောင်းကိုလည်းကောင်းသင့်အားသိစေ လိုပါသည်။-