``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
ယောရှု 13:33 - Common Language Bible မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား အား ပူဇော်သောပူဇော်သကာမှဝေစုကို သူတို့ရမည်ဟုမောရှေမိန့်ကြားခဲ့၏။ Garrad Bible ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် က တိ ထား တော် မူ သည့် အ တိုင်း လေ ဝိ အ နွယ် သား တို့ ပိုင် ဆိုင် ရာ ဖြစ် တော် မူ သော ကြောင့် လေ ဝိ အ နွယ် သား တို့ အ ဖို့ မြေ ပိုင် ကို မော ရှေ မ ပေး ချေ။ Judson Bible လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။ |
``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားအား ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သောပူဇော် သကာမှဝေစုကိုရရှိကြလေ သည်။
မောရှေသည်မောဘလွင်ပြင်တွင်ရောက်ရှိစဉ် အခါကယေရိခေါမြို့နှင့်ယော်ဒန်မြစ် အရှေ့ဘက်ရှိနယ်မြေကိုအထက်ပါ အတိုင်းခွဲဝေပေးခဲ့လေသည်။-
လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။