အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
ယောရှု 13:21 - Common Language Bible ကုန်းပြင်မြင့်ပေါ်ရှိမြို့အားလုံးနှင့်ဟေရှ ဘုန်မြို့တွင် စိုးစံသောအာမောရိမင်းရှိဟုန် ၏နိုင်ငံတစ်ခုလုံးပါဝင်သည်။ မောရှေ သည်ထိုမင်းနှင့်တကွမိဒျန်မင်းများဖြစ် ကြသောဧဝိမင်း၊ ရေကင်မင်း၊ ဇုရမင်း၊ ဟုရမင်းနှင့်ရေဘမင်းတို့ကိုနှိမ်နင်းခဲ့ လေသည်။ ထိုမင်းငါးပါးတို့သည်ရှိဟုန် မင်း၏သြဇာခံမင်းများဖြစ်ကြသည်။- Garrad Bible အာ ဇုတ် ပိ သ ဂါ မြို့၊ ဗက် ယေ ရှိ မုတ် မြို့၊ ပျံ့ ရှိ အ မြို့ မြို့ နှင့် တ ကွ ဟေ ရှ ဘုန် မြို့ စံ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း နိုင် ငံ တစ် လျှောက် လုံး များ တည်း။ ထို မင်း ကိုလည်း ကောင်း၊ ထို ပြည် နေ၊ လက် အောက် ခံ မိ ဒျန် အ ကြီး အ ကဲ ငါး ပါး၊ ဧ ဝိ၊ ရေ ကင်၊ ဇု ရ၊ ဟု ရ၊ ရေ ဘ တို့ ကိုလည်း ကောင်း၊ မော ရှေ လုပ် ကြံ ရာ Judson Bible လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန်မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံတစ်လျှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကိုလည်းကောင်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသောမိဒျန်မင်းကြီးငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကိုလည်းကောင်း မောရှေသည် လုပ်ကြံလေ၏။ မြန်မာ့စံမီသမ္မာကျမ်း လွင်ပြင်ရှိ မြို့အားလုံး၊ ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံးဖြစ်၏။ မောရှေသည် ရှိဟုန်ဘုရင်နှင့်တကွ ရှိဟုန်ဘုရင်မင်းမြှောက်ထား၍ ထိုပြည်တွင်နေထိုင်ကြသောမိဒျန်ခေါင်းဆောင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘ တို့ကို ကွပ်မျက်ခဲ့၏။ |
အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
ငါတို့သည်ဗာရှန်ဘုရင်သြဃမင်းပိုင်သော မြေပြန့်ရှိမြို့များကိုလည်းကောင်း၊ အရှေ့ဘက် ရှိသာလကမြို့နှင့် ဧဒြိမြို့များအထိကျယ် ပြန့်သောဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အားလုံး ကိုလည်းကောင်းသိမ်းယူခဲ့ကြသည်။''
ဗက်ပေဂုရမြို့၊ ပိသကာတောင်စောင်းနှင့် ဗက်ယေရှိမုတ်မြို့များပါဝင်သည်။-