ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ယောရှု 10:33 - Common Language Bible ဂေဇာမင်းဟောရံသည်လာခိရှမင်းဘက် မှစစ်ကူ၍တိုက်ခိုက်သော်လည်း ယောရှုသည် သူနှင့်သူ၏တပ်ကိုတိုက်ခိုက်အောင်မြင်၍ တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်လေ သည်။ Garrad Bible ဂေ ဇာ ဘု ရင် ဟော ရံ မင်း သည် စစ် ကူ ရန် လာ ခိ ရှ မြို့ သို့ ချီ လာ သော်၊ ထို မင်း နှင့် ဘက် ပါ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန်၊ ယော ရှု လုပ် ကြံ လေ၏။ Judson Bible ထိုအခါ ဂေဇာမင်းကြီးဟောရံသည်၊ လာခိရှမြို့ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်းကြီးနှင့် သူ၏လူအပေါင်းတို့ကို တစ်ယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂေဇာဘုရင်ဟောရံမင်းကြီးသည် လာခိရှဘုရင်ကို စစ်ကူပေးရန် ချီလာ၏။ ယောရှုသည် ထိုဘုရင်နှင့်သူ၏စစ်သည်တို့ကို အသက်ရှင်ကျန်ရစ်သူမရှိအောင် ချေမှုန်းလေ၏။ |
ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ထိုနောက်တစ်ဖန်ဂေဇာမြို့တွင်ဖိလိတ္တိ အမျိုးသားတို့နှင့်စစ်ဖြစ်ပြန်၏။ ဤ တိုက်ပွဲတွင်ဟုရှသိမြို့မှသိဗေခဲသည် သာဖဆိုသူကြီးမားသောစစ်သူရဲကြီး ကိုလုပ်ကြံလိုက်သဖြင့် ဖိလိတ္တိအမျိုး သားတို့သည်အရေးရှုံးနိမ့်သွားကြ၏။
ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-
ထာဝရဘုရားသည်တိုက်ပွဲဒုတိယနေ့ ၌လာခိရှမြို့ကို ဣသရေလအမျိုးသား တို့၏လက်သို့အပ်တော်မူ၏။ သူတို့သည် လိဗနာမြို့သူမြို့သားတို့ကိုပြုသကဲ့ သို့ လာခိရှမြို့သူမြို့သားအပေါင်းတို့ ကိုလည်းတစ်ယောက်မကျန်သတ်ဖြတ် သုတ်သင်ကြသည်။-
ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် လာခိရှမြို့မှဧဂလုန်မြို့သို့ချီ တက်၍မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။
တစ်ဖန်အနောက်ဘက်ယာဖလေတိအမျိုး သားတို့နေထိုင်ရာအောက်ဗက်ဟောရုန်ဒေသ သို့ရောက်သည်။ ထိုမှတစ်ဖန်ဂေဇာမြို့ကိုဖြတ် ပြီးလျှင်မြေထဲပင်လယ်တွင်အဆုံးသတ် လေသည်။
သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊-
ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။