ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
ယောန 1:13 - Common Language Bible သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။- Garrad Bible သင်္ဘော သား တို့ သည် ကမ်း သို့ ရောက် အံ့ သော ငှာ ကြိုး စား ခတ် ကြ သော် လည်း၊ သူ တို့ တစ် ဘက်၌ လှိုင်း တံ ပိုး တိုး၍ ထ သော ကြောင့်၊ မ ရောက် နိုင်။ Judson Bible သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှာ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တစ်ဖက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင်သောအခါ၊ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ကမ်းသို့ရောက်အောင် ကြိုးစားလှော်ခတ်ကြသေး၏။ သို့သော် ပင်လယ်ပြင်တွင် လေမုန်တိုင်းပိုမိုပြင်းထန်လာသဖြင့် ကမ်းသို့ မရောက်နိုင်ကြ။ |
ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။-