တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။
ယောဘဝတ္တု။ 9:19 - Common Language Bible တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။ Garrad Bible သန် စွမ်း သူ၏ တန် ခိုး အ ကြောင်း နှင့် စပ် လျဉ်း လျှင်၊ ငါ ပင် ရှိ သည် ဟူ၍ လည်း ကောင်း၊ တ ရား ဆုံး ဖြတ် ခြင်း အ ကြောင်း နှင့် စပ် လျဉ်း လျှင်၊ ငါ့ အား မည် သူ ချိန်း ချက် မည် နည်း ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ၏။ Judson Bible တန်ခိုးကို အမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန်သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ တန်ခိုးနှင့်ပတ်သက်လျှင် ကိုယ်တော်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ တရားမျှတမှုနှင့်ပတ်သက်လျှင်လည်း ကိုယ်တော်ကို မည်သူစိန်ခေါ်ဝံ့မည်နည်း။ |
တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။