တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
ယောဘဝတ္တု။ 9:13 - Common Language Bible ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။ Garrad Bible ဘု ရား သ ခင် သည်၊ အ မျက် တော် ကို ပြန် သိမ်း တော် မူ မည် မ ဟုတ်။ ရေ နတ် န ဂါး ကို ကူ ညီ သူ တို့ သည်၊ လက် တော် အောက် သို့ ဝတ် လျှိုး ရ သည် မှန် လျှင်၊ Judson Bible ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချခြင်းကို ခံရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။ |
တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
ကိုယ်တော်မိန့်တော်မူသည်မှာ ``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများ စာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှ လူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။''
ကိုယ်တော်ရှင်သည်ရာခပ် ကို ချေမှုန်းသတ်ဖြတ်ပစ်တော်မူပါ၏။ တန်ခိုးတော်ဖြင့်ကိုယ်တော်ရှင်၏ရန်သူတို့ကို နှိမ်နင်းတော်မူပါ၏။
အီဂျစ်ပြည်မှပေးသောအကူအညီကား အချည်းနှီးပင်တည်း။ ထို့ကြောင့်ငါသည်၊ အီဂျစ်ပြည်အား`အဆိပ်မရှိသည့်နဂါး' ဟု နာမည်ပေးထားလေပြီ'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။