သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
ယောဘဝတ္တု။ 42:3 - Common Language Bible ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ Garrad Bible အ ကြံ အ စည် တော် ကို၊ အ သိ ပ ညာ မဲ့ မိုက် မှောင် စေ သူ ကား၊ မည် သူ နည်း ဟူ၍လည်း ကောင်း။ ငါ့ မိန့် ဆို ချက် ကို နား ထောင် လော့၊ ငါ မေး မြန်း သည့် အ တိုင်း၊ ဖြေ ဆို လော့ ဟူ၍လည်း ကောင်း၊ မိန့် တော် မူ ရာ၊ မ သိ မ မြင်၊ နား မ လည် သော အ ခြင်း အ ရာ၊ ကိုယ် နှင့် မ တန် အံ့ ဖွယ် ရာ များ ကို၊ အ ကျွန်ုပ် ပြော မိ ပါ ပြီ။ Judson Bible ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သော အရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သော အရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ မြန်မာ့စံမီသမ္မာကျမ်း ‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။ |
သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မာန်မာနကိုစွန့်ပယ် ပါပြီ။ မောက်မာမှုကိုလည်းပယ်ရှားပါပြီ။ ကျွန်တော်မျိုးသည်ကြီးကျယ်လှသည့် အမှုများတွင်သော်လည်းကောင်း၊ မိမိသိရှိနားလည်ရန်ခက်ခဲလှသော အကြောင်းအရာများတွင်သော်လည်းကောင်း စိတ်မဝင်စားတော့ပါ။
ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။