တေရသည်ထိုမြို့တွင်နေထိုင်စဉ် အသက် နှစ်ရာ့ငါးနှစ်ရှိသော်ကွယ်လွန်လေသည်။
ယောဘဝတ္တု။ 42:16 - Common Language Bible ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊ Garrad Bible ထို့ နောက် ယော ဘ သည်၊ အ နှစ် တစ် ရာ လေး ဆယ် နေ သေး လျက်၊ Judson Bible ထိုနောက် ယောဘသည် အနှစ်တစ်ရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။ |
တေရသည်ထိုမြို့တွင်နေထိုင်စဉ် အသက် နှစ်ရာ့ငါးနှစ်ရှိသော်ကွယ်လွန်လေသည်။
အာဗြဟံသည်အသက်တစ်ရာ့ခုနစ်ဆယ်ငါး နှစ်ရှိသော်အိုမင်းလျက်၊ နေ့ရက်ကာလများစွာ ပြည့်စုံခြင်းနှင့်တကွ၊ နောက်ဆုံးထွက်သက်ကို ရှူ၍မိမိလူမျိုးစုနှင့်စုဝေးခွင့်ရလေ၏။-
ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။-
ယာကုပ်သည်အီဂျစ်ပြည်တွင်တစ်ဆယ့် ခုနစ်နှစ်နေထိုင်ခဲ့၏။ သို့ဖြစ်၍ယာကုပ် ၏သက်တမ်းမှာတစ်ရာ့လေးဆယ်ခုနစ် နှစ်ဖြစ်သတည်း။-
သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
သို့ဖြစ်၍ယောသပ်သည်အသက်တစ်ရာ့တစ် ဆယ်ရှိသော်ကွယ်လွန်လေ၏။ သူတို့သည်သူ ၏ရုပ်အလောင်းကိုကြာရှည်ခံအောင်ဆေးစိမ် ၍ အီဂျစ်ပြည်၌ခေါင်းသွင်းထားကြသတည်း။ ရှင်မောရှေရေးထားသောကမ္ဘာဦးကျမ်းပြီး၏။
တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ၏။
သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။ အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင်ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။ မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။
မောရှေသည်အသက်တစ်ရာ့နှစ်ဆယ်တွင် အနိစ္စရောက်၏။ မောရှေအနိစ္စရောက်ချိန် တွင်မျက်စိမမှုန်သေး။ အင်အားလည်း မလျော့သေး။-
ထိုနောက်ထာဝရဘုရား၏အစေခံ၊ နုန်၏ သားယောရှုသည်အသက်တစ်ရာ့တစ်ဆယ် ရှိသော်အနိစ္စရောက်လေသည်။-