ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။-
ယောဘဝတ္တု။ 40:21 - Common Language Bible အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ Garrad Bible ရေ မြင်း သည်၊ စိမ့်၊ ကျူ တော၊ မြစ် ချင်း ပင် အောက် များ၌ ဝပ် နေ သ ဖြင့်၊ မြစ် ချင်း ပင် များ သည် အ ရိပ် နှင့် လွှမ်း မိုး၍၊ Judson Bible အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံပုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ကြာပင်အောက်မှာ၊ စိမ့်စမ်းတောရှိ ကျူပင်အကွယ်မှာ ဝပ်နေတတ်၏။ |
ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။-
ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။