သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
ယောဘဝတ္တု။ 39:27 - Common Language Bible သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ Garrad Bible လင်း ယုန် ငှက် လည်း ပျံ တက်၍၊ မြင့် ရာ အ ရပ်၌ အ သိုက် လုပ် တတ် သည် ကား၊ သင့် အ မိန့် ကြောင့် ဖြစ် သ လော။ Judson Bible သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ မြန်မာ့စံမီသမ္မာကျမ်း လင်းယုန်ငှက်က အမြင့်သို့ပျံသန်း၍ အသိုက်ကိုလည်း အမြင့်ဆုံးနေရာ၌ဆောက်လုပ်တတ်သည်မှာ သင်အမိန့်ပေးထား၍လော။ |
သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။-
ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
အောက်ဖော်ပြပါငှက်မျိုးတို့ကိုသင်တို့ သည်မစားရ။ လင်းယုန်၊ ဇီးကွက်၊ သိမ်းငှက်၊ လင်းတ၊ ကျီး၊ ငှက်ကုလားအုတ်၊ ဇင်ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်ကြီးဝံပို၊ တင်ကျီး၊ တောင်သူ ဘီးငှက်နှင့်လင်းနို့တို့ဖြစ်သည်။
သင်သည်လင်းယုန်ငှက်၏အသိုက်တမျှ မြင့်မားရာတွင်တည်နေသဖြင့်၊ ကြယ်တာရာတို့အလယ်သို့ပင် ရောက်ရှိနေစေပါမူ၊ သင့်ကိုငါဆွဲချမည်။