မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
ယောဘဝတ္တု။ 39:25 - Common Language Bible တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။ Garrad Bible တံ ပိုး မှုတ် လျှင် မှုတ် ချင်း ဟီ လျက်၊ စစ် ဗိုလ် တို့၏ ကြိမ်း ဝါး သံ၊ အုတ် အုတ် သဲ သဲ နှင့် တွက် စစ် အ နံ့ ကို၊ အ ဝေး က ပင် ခံ တတ် သ တည်း။ Judson Bible တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟု ဆိုတတ်၏။ ဗိုလ်ခြေအော်ဟစ်၍ အသံဗလံပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။ |
မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက် အလွန်ကြောက်လန့်ကြပါစေသော။
ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-