ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
ယောဘဝတ္တု။ 39:11 - Common Language Bible ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။ Garrad Bible စိုင် အား ကြီး ခြင်း ကြောင့် စိတ် ချ၍၊ လုပ် ငန်း ကို လွှဲ အပ် မည် လော။ Judson Bible ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည်လော။ သင်လုပ်ရသောအလုပ်ကို သူ၌အပ်မည်လော။ မြန်မာ့စံမီသမ္မာကျမ်း သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။ |
ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။-
တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။-
ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
ကျွန်တော်မျိုးတို့၏နွားများသည်လည်းဇီးမလျှော၊ မသေမပျောက်ဘဲများစွာတိုးပွားကြပါစေသော။ ကျွန်တော်မျိုးတို့၏လမ်းများသည် ဒုက္ခရောက်သူတို့၏အော်ဟစ်ညည်းတွားသံများနှင့် ကင်းဝေးပါစေသော။
ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
ယင်းသို့နားထောင်မည့်အစား၊ လျင်မြန်သည့် မြင်းများကိုစီး၍ ရန်သူတို့ထံမှထွက်ပြေး ရန်ကြံစည်ကြလေသည်။ သင်တို့၏အကြံ အစည်မှာမဆိုးလှ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်အမှန်ပင်ထွက်ပြေးရကြလိမ့် မည်ဖြစ်သောကြောင့်တည်း။ သင်တို့သည်မိမိ တို့မြင်းများကိုလျင်မြန်လှပြီဟုထင်မှတ် ကြသော်လည်း သင်တို့အားလိုက်လံဖမ်းဆီး သူတို့၏မြင်းများကပို၍ပင်လျင်မြန်ကြ လိမ့်မည်။-
ဤဗျာဒိတ်တော်သည်တောင်ပိုင်းသဲကန္တာရ တွင်ရှိသည့် တိရစ္ဆာန်များနှင့်သက်ဆိုင်သော ဗျာဒိတ်တော်ဖြစ်၏။ ကိုယ်တော်က``သံတမန် တို့သည်ခြင်္သေ့များခိုအောင်းရာ၊ မြွေဆိုးများ၊ နဂါးပျံများရှိ၍ဘေးအန္တရာယ်ပေါများ ရာအရပ်ကိုဖြတ်၍သွားရကြ၏။ ထိုသူတို့ သည်မိမိတို့အားအဘယ်အကူအညီမျှ မပေးနိုင်သည့်လူမျိုးအတွက် အဖိုးထိုက် လက်ဆောင်ပဏ္ဏာများကိုမြည်းများ၊ ကုလား အုတ်များနှင့်တင်ယူလာကြ၏။-
ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပေတည်း။ အခါတစ်ပါးကလူတို့သည်ဗေလဘုရား နှင့်နေဗော ဘုရားတို့ကိုကိုးကွယ်ဝတ်ပြုခဲ့ကြ၏။ ယခုအခါ၌သူတို့ကိုမြည်းများပေါ်တွင် တင်၍၊ မောပန်းနေသည့်တိရစ္ဆာန်များသယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြ၏။
ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။