ယောဘဝတ္တု။ 36:4 - Common Language Bible အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။ Garrad Bible အ ကယ် စင် စစ်၊ အ ကျွန်ုပ် သည် မု သာ မ သုံး၊ အ သိ ပ ညာ စုံ လင် သူ သည် သင် နှင့် အ တူ ရှိ၏။ Judson Bible အကယ်စင်စစ် မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် အကျွန်ုပ်သည် မုသားစကားကို မပြော။ အသိပညာနှင့်ပြည့်စုံသောသူသည် သင်နှင့်အတူရှိ၏။ |
သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။ အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-