သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။
ယောဘဝတ္တု။ 36:15 - Common Language Bible အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။ Garrad Bible ညှဉ်း ဆဲ ခံ ရ သူ တို့ ကို၊ ညှဉ်း ဆဲ ခံ ရ ခြင်း အား ဖြင့် ကယ် လွှတ်၍၊ နှိပ် စက် ခံ ရ စဉ် ပင်၊ နား ကို ဖွင့် တော် မူ၏။ Judson Bible အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေခြင်းငှာ ပြုတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။ |
သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။
သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။
ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။